ဤလေ့လာဆန်းစစ်မှုသည် STEM စီမံကိန်းတွင် ပါဝင်ခဲ့သည့် ပညာရေးကောလိပ်ကျောင်းအုပ်ကြီးများ၊ ဆရာအတတ်သင် ဆရာဆရာမများနှင့် ဆရာအတတ်သင် သင်တန်းသား သင်တန်းသူများအတွက် ဖြစ်ပါသည်။
သင်သည် အရည်အချင်း ကျွမ်းကျင်မှုအခြေပြုသည့် ဆရာအတတ်သင် ပညာရေး သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပညာရေး ကောလိပ်များ၏ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်တိုးတက်စေခြင်း၊ ပညာရေးတွင် လူတိုင်းအကျုံးဝင်ပါဝင်ရေးအတွက် ထည့်သွင်းစဉ်းစားလုပ်ဆောင်ခြင်း စသည့် လုပ်ငန်းများ၏ အစိတ်အပိုင်းအနေဖြင့် STEM စီမံကိန်း လုပ်ငန်းရပ်များတွင် ပါဝင်ချိတ်ဆက်လုပ်ဆောင်ပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ နားလည်သည်။
ဖြေဆိုမှု အားလုံးကို တင်းကြပ်စွာ လျှို့ဝှက်ထားမည် ဖြစ်သည်။ ရလဒ်များကို ပေါင်းခြုံ၍သာ တင်ပြမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ဖြေဆိုမှုများကို လေ့လာအကဲဖြတ်သည့်အဖွဲ့မှလွဲ၍ မည်သူ့ထံကိုမျှ ထုတ်ဖော်ဖွင့်ဟလိမ့်မည် မဟုတ်ပါ။
သင်၏ပါဝင်မှုအတွက် ကြိုတင်၍ ကျေးဇူးများစွာ တင်ရှိပါသည်။
စစ်တမ်းဖြေဆိုမှု၏ နောက်ဆုံးရက်မှာ August လ ၇ ရက်နေ့ဖြစ်ပါသည်။
- Principals: (all) ကျောင်းအုပ်ဆရာ၊ဆရာမကြီးများ (အားလုံး)
- Teacher Educators: (all) ဆရာအတတ်သင်ဆရာ၊ဆရာမများ (အားလုံး)
- Student Teachers: (only targeted to those pursuing the new 4year curriculum) (လေးနှစ်သင် ဘွဲ့အစီအစဉ်တွင် ပညာသင်ကြားနေကြသော ဆရာအတတ်သင် သင်တန်းသား၊သင်တန်းသူများ)